12 ထိုအခါကိုယ်တော်၏လူစုတော်သည်ကတိတော်ကို ယုံကြည်ကြလျက်ကိုယ်တော်အားထောမနာသီချင်းဆို ကြ၏။
13 သို့ရာတွင်သူတို့သည်ကိုယ်တော်ပြုတော်မူသည့် အမှုတော်ကိုလျင်မြန်စွာမေ့ပျောက်လိုက်ပြီးလျှင်ကိုယ်တော်၏လမ်းညွှန်တော်မူချက်ကိုမခံယူဘဲ ပြုမူကျင့်ကြံကြ၏။
14 သူတို့သည်တောကန္တာရ၌အာသာရမ္မက် ဖြစ်ပေါ်လာသည့်အလျောက်ဘုရားသခင်အားသွေးစမ်းကြ၏။
15 သို့ဖြစ်၍ကိုယ်တော်သည်သူတို့တောင်းခံသည့် အရာကိုချပေးတော်မူသော်လည်းသူတို့အားရောဂါဆိုးစွဲကပ်စေတော် မူ၏။
16 သဲကန္တာရတွင်သူတို့သည်မောရှေအားလည်းကောင်း၊ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်အစေခံ အာရုန်အားလည်းကောင်းငြူစူကြ၏။
17 ထိုအခါမြေကြီးသည်အက်ကွဲ၍ ဒါသန်ကိုလည်းကောင်း၊အဘိရံနှင့်အိမ်ထောင်စုသားတို့ကိုလည်းကောင်း မျိုလေ၏။
18 မီးလျှံသည်သူတို့၏နောက်လိုက်သူယုတ်မာတို့ အပေါ်သို့ကျ၍ကျွမ်းလောင်စေ၏။