42 သူတို့သည်ရန်သူများ၏ဖိစီးနှိပ်စက်မှုကိုခံရကြကာလက်အောက်ခံများဖြစ်လာရ ကြ၏။
43 ထာဝရဘုရားသည်မိမိ၏လူစုတော်အားကြိမ်ဖန်များစွာကယ်ဆယ်တော်မူခဲ့သော်လည်းသူတို့သည်ကိုယ်တော်အားပုန်ကန်မြဲ ပုန်ကန်ကြသဖြင့်အပြစ်နွံတွင်ပို၍သာနစ်ကြကုန်၏။
44 သို့ရာတွင်သူတို့ဟစ်အော်ကြသောအခါထာဝရဘုရားကြားတော်မူ၍သူတို့၏ ဆင်းရဲဒုက္ခကြောင့်သူတို့ကိုသနားတော်မူ၏။
45 ကိုယ်တော်သည်သူတို့၏အကျိုးကိုထောက်၍ ပဋိညာဉ်တော်ကိုသတိရတော်မူ၏။မေတ္တာတော်သည်ကြီးမားတော်မူသည် ဖြစ်၍ အမျက်ပြေတော်မူ၏။
46 သူတို့အားဖမ်းဆီးချုပ်နှောင်ထားကြသူတို့၏စိတ်နှလုံးတွင်သနားတတ်သောသဘောကို သွင်းပေးတော်မူ၏။
47 ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့အားကယ်မူပါ၏။ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့်နာမ တော်ကို ထောမနာပြုနိုင်ကြစေရန်လည်းကောင်း၊ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းနိုင် ကြစေရန်လည်းကောင်းကျွန်တော်မျိုးတို့အားလူမျိုးတကာတို့ အထဲမှ ပြန်လည်ခေါ်ဆောင်တော်မူပါ။
48 ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားထောမနာပြုကြ လော့။ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။လူအပေါင်းတို့သည်အာမင်ဟုဆိုကြစေ။ထာဝရဘုရားအားထောမနာပြုကြ လော့။