ဆာ​လံ 106:9-15 BCL

9 ကိုယ်​တော်​သည်​ပင်​လယ်​နီ​ကို​အ​မိန့်​ပေး​တော် မူ​လျှင် ယင်း​သည်​ခန်း​ခြောက်​၍​သွား​၏။ထို​နောက်​မိ​မိ​၏​လူ​စု​တော်​အား​ခန်း​ခြောက်​သော ပင်​လယ်​ကို​ဖြတ်​စေ​ရန်​ပို့​ဆောင်​တော်​မူ​၏။

10 ကိုယ်​တော်​သည်​သူ​တို့​ကို​မုန်း​သော​သူ​တို့​၏​လက်​မှ ကယ်​တော်​မူ​၏။သူ​တို့​၏​ရန်​သူ​များ​လက်​မှ​ကယ်​ဆယ်​တော်​မူ​၏။

11 သူ​တို့​၏​ရန်​သူ​များ​သည်​ရေ​နစ်​၍​သေ​ကြ​ကုန်​၏။တစ်​စုံ​တစ်​ယောက်​မျှ​အ​သက်​ရှင်​၍​မ​ကျန်​ခဲ့။

12 ထို​အ​ခါ​ကိုယ်​တော်​၏​လူ​စု​တော်​သည်​က​တိ​တော်​ကို ယုံ​ကြည်​ကြ​လျက်ကိုယ်​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို ကြ​၏။

13 သို့​ရာ​တွင်​သူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သည့် အ​မှု​တော်​ကို​လျင်​မြန်​စွာ​မေ့​ပျောက်​လိုက်​ပြီး​လျှင်ကိုယ်​တော်​၏​လမ်း​ညွှန်​တော်​မူ​ချက်​ကို​မ​ခံ​ယူ​ဘဲ ပြု​မူ​ကျင့်​ကြံ​ကြ​၏။

14 သူ​တို့​သည်​တော​ကန္တာ​ရ​၌​အာ​သာ​ရမ္မက် ဖြစ်​ပေါ်​လာ​သည့်​အ​လျောက်ဘု​ရား​သ​ခင်​အား​သွေး​စမ်း​ကြ​၏။

15 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​တောင်း​ခံ​သည့် အ​ရာ​ကို​ချ​ပေး​တော်​မူ​သော်​လည်းသူ​တို့​အား​ရော​ဂါ​ဆိုး​စွဲ​ကပ်​စေ​တော် မူ​၏။