ဆာ​လံ 107:18-24 BCL

18 သူ​တို့​သည်​အ​စား​အ​စာ​ကို​ပင်​ကြည့်​ချင်​စိတ် မ​ရှိ​တော့​ဘဲသေ​မင်း​၏​တံ​ခါး​ဝ​အ​နီး​သို့​ရောက်​ရ​ကြ​၏။

19 ထို​အ​ခါ​သူ​တို့​သည်​ဒုက္ခ​ရောက်​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ထံ​အော်​ဟစ်​ကြ​ရာကိုယ်​တော်​သည်​သူ​တို့​အား​ဒုက္ခ​မှ​ကယ်​တော်​မူ​၏။

20 ကိုယ်​တော်​သည်​အ​မိန့်​တော်​ပေး​၍​သူ​တို့​အားရော​ဂါ​ပျောက်​ကင်း​စေ​တော်​မူ​ပြီး​လျှင် သင်္ချိုင်း​တွင်း​မှ​ကယ်​တော်​မူ​၏။

21 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သောမေတ္တာ​တော်​အ​တွက်​လည်း​ကောင်း၊မိ​မိ​တို့​အား​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် ရာ​များ အ​တွက်​လည်း​ကောင်းကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။

22 သူ​တို့​သည်​ယဇ်​ပူ​ဇော်​သကာ​ဖြင့်​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ရ​ပေ​မည်။ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​လျက်ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို ဖော်​ပြ​ရ​ကြ​ပေ​မည်။

23 လူ​အ​ချို့​တို့​သည်​သ​မုဒ္ဒ​ရာ​တွင်​သင်္ဘော​လွှင့်​၍ကူး​သန်း​သွား​လာ​လျက်​အ​သက်​မွေး​ဝမ်း​ကျောင်း ရှာ​ကြ​၏။

24 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သောအ​မှု​တော်​များ၊ပင်​လယ်​တွင်​ပြ​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​ကို​မြင်​တွေ့​ရ​ကြ​၏။