ဆာ​လံ 108:1-4 BCL

1 အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည်​လုံး​ဝ​ယုံ​ကြည်​စိတ်​ချ ပါ​၏။ကျွန်​တော်​မျိုး​သည်​သီ​ချင်း​ဆို​၍​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​ပါ​မည်။ အို ငါ့​ဝိ​ညာဉ်၊နိုး​ထ​လော့။

2 ငါ​၏​စောင်း​ကြီး​စောင်း​ငယ်​တို့၊နိုး​ထ​ကြ​လော့။ ငါ​သည်​နေ​ကို​နိုး​ထ​စေ​မည်။

3 အို ထာ​ဝ​ရ​ဘု​ရား၊လူ​မျိုး​တ​ကာ​တို့​အ​လယ်​တွင်​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။လူ​မျိုး​အ​ပေါင်း​တို့​အ​လယ်​တွင်​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​ပါ​မည်။

4 ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် မိုး​ကောင်း​ကင်​အ​ထက်​သို့​လည်း​ကောင်း၊ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​သည်​ကောင်း​ကင် တိုင်​အောင်​လည်း​ကောင်း​ရောက်​ရှိ​ပါ​၏။