1 အို ဘုရားသခင်၊ကျွန်တော်မျိုးသည်လုံးဝယုံကြည်စိတ်ချ ပါ၏။ကျွန်တော်မျိုးသည်သီချင်းဆို၍ကိုယ်တော်ရှင် အား ထောမနာပြုပါမည်။ အို ငါ့ဝိညာဉ်၊နိုးထလော့။
2 ငါ၏စောင်းကြီးစောင်းငယ်တို့၊နိုးထကြလော့။ ငါသည်နေကိုနိုးထစေမည်။
3 အို ထာဝရဘုရား၊လူမျိုးတကာတို့အလယ်တွင်ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။လူမျိုးအပေါင်းတို့အလယ်တွင်ကိုယ်တော်ရှင် အား ထောမနာပြုပါမည်။
4 ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် မိုးကောင်းကင်အထက်သို့လည်းကောင်း၊ကိုယ်တော်ရှင်၏သစ္စာတော်သည်ကောင်းကင် တိုင်အောင်လည်းကောင်းရောက်ရှိပါ၏။
5 အို ဘုရားသခင်၊ကိုယ်တော်ရှင်၏ကြီးမြတ်သောဂုဏ်တော်ကိုမိုးကောင်းကင်၌လည်းကောင်း၊ဘုန်းအသရေ တော်ကို ကမ္ဘာတစ်ဝှမ်းလုံးတွင်လည်းကောင်းပြတော်မူပါ။
6 ကိုယ်တော်ရှင်ချစ်တော်မူသောလူစုတော်သည် အသက်ချမ်းသာကြစေရန်ဘုန်းအာနုဘော်တော်ဖြင့်ကျွန်တော်မျိုးတို့ကို ကယ်တော်မူပါ။ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။