ဆာ​လံ 108:10-13 BCL

10 ဘု​ရား​သ​ခင်၊ခံ​တပ်​တည်​ဆောက်​ထား​သည့်မြို့​အ​တွင်း​သို့​အ​ဘယ်​သူ​သည်​ကျွန်​တော် မျိုး​အား ပို့​ဆောင်​ပါ​မည်​နည်း။အ​ဘယ်​သူ​သည်​ကျွန်​တော်​မျိုး​အား​ဧ​ဒုံ ပြည်​သို့ ပို့​ဆောင်​ပါ​မည်​နည်း။

11 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​ကယ်​ပင် စွန့်​ပစ်​တော်​မူ​ပါ​ပြီ​လော။ကျွန်​တော်​မျိုး​၏​တပ်​များ​နှင့်​အ​တူ​ချီ​တက် တော်​မ​မူ​တော့​ပြီ​လော။

12 လူ​တို့​၏​အ​ကူ​အ​ညီ​သည်​အ​ချည်း​နှီး​ပင်ဖြစ်​သော​ကြောင့်​ရန်​သူ​များ​ကို​တိုက်​ခိုက်​နိုင်​ရန် ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။

13 ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက်​၌​ရှိ​တော် မူ​လျှင် ငါ​တို့​သည်​အ​နိုင်​ရ​ကြ​လိမ့်​မည်။ကိုယ်​တော်​သည်​ငါ​တို့​၏​ရန်​သူ​များ​ကို အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်။