ဆာ​လံ 109:12-18 BCL

12 အ​ဘယ်​အ​ခါ​၌​မျှ​သူ့​အား​သ​နား​ကြင်​နာ မည့်​သူ၊သူ​၏​ဘ​သက်​ဆိုး​များ​ကို​ကြည့်​ရှု​စောင့်​ရှောက် မည့်​သူ မ​ရှိ​ပါ​စေ​နှင့်။

13 သူ​၏​အ​မျိုး​တိမ်​ကော​ပါ​စေ​သော။သူ​၏​နာ​မည်​သည်​နောက်​မျိုး​ဆက်​၌​ပင်​လျှင် ပျောက်​ကွယ်​သွား​ပါ​စေ​သော။

14 သူ​၏​ဘိုး​ဘေး​တို့​ပြု​ခဲ့​သည့်​မ​ကောင်း​မှု များ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​သ​တိ​ရ​တော်​မူ​ပါ​စေ​သော။သူ​၏​မိ​ခင်​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ကို​လည်း ဖြေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။

15 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​အ​ပြစ်​တို့​ကို သ​တိ​ရ​တော်​မူ​ပါ​စေ​သော။သို့​ရာ​တွင်​သူ​တို့​၏​နာ​မည်​သည်​လော​က​မှ လုံး​ဝ​ပျောက်​ကွယ်​သွား​ပါ​စေ​သော။

16 ထို​သူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​သ​နား ကြင်​နာ​ရန် စိတ်​မ​ကူး​ခဲ့။ဆင်း​ရဲ​သူ၊ချို့​တဲ့​နွမ်း​ပါး​သူ​နှင့်​ခို​ကိုး​ရာ​မဲ့ သူ​တို့​အား​ညှဉ်း​ဆဲ​နှိပ်​စက်​သတ်​ဖြတ်​ခဲ့​၏။

17 သူ​သည်​ကျိန်​ဆဲ​ရန်​နှစ်​သက်​သည်​ဖြစ်​၍ သူ​ကိုယ်​တိုင်​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ပါ​စေ သော။သူ​သည်​သူ​တစ်​ပါး​အား​ကောင်း​ချီး​မင်္ဂလာ​ပေး​ရန် အ​လို​မ​ရှိ​သည်​ဖြစ်​၍မည်​သူ​က​မျှ​သူ့​အား​ကောင်း​ချီး​မင်္ဂ​လာ မ​ပေး​ပါ​စေ​နှင့်။

18 ကျိန်​ဆဲ​မှု​သည်​သူ​၏​အ​တွက်​ခါး​ဝတ် ပု​ဆိုး​သ​ဖွယ်​ဖြစ်​၏။သူ​၏​ကျိန်​ဆဲ​ချက်​များ​သည်​ရေ​ကဲ့​သို့သူ​၏​ကိုယ်​ခန္ဓာ​ထဲ​သို့​လည်း​ကောင်း၊ဆီ​ကဲ့​သို့ သူ​၏ အ​ရိုး​များ​ထဲ​သို့​လည်း​ကောင်း​စိမ့်​ဝင်​ပါ စေ​သော။