ဆာ​လံ 109:5-11 BCL

5 သူ​တို့​သည်​ကျွန်​တော်​မျိုး​ပြု​သည့်​ကျေး​ဇူး​ကို ဆိုး​ညစ်​မှု​ဖြင့်​လည်း​ကောင်း၊ကျွန်​တော်​မျိုး​၏မေတ္တာ​ကို​မုန်း​တီး​ခြင်း​ဖြင့်​လည်း​ကောင်း ပြန်​လည်​ပေး​ဆပ်​ကြ​ပါ​၏။

6 ကျွန်​တော်​မျိုး​၏​ရန်​သူ​အား​တ​ရား​စီ​ရင်​ရန်အ​ဂ​တိ​လိုက်​စား​သော​တ​ရား​သူ​ကြီး​ကို ခန့်​ထား​ရွေး​ချယ်​ပေး​တော်​မူ​ပါ။သူ​၏​ရန်​သူ​တစ်​ယောက်​က​ပင်​လျှင်​သူ့​အား ပြစ်​တင်​စွပ်​စွဲ​စေ​တော်​မူ​ပါ။

7 သူ့​အား​စစ်​ဆေး​၍​ပြစ်​မှု​ထင်​ရှား​ပါ​စေ​သော။သူ​၏​ဆု​တောင်း​ပတ္ထ​နာ​သည်​ပင်​လျှင် ပြစ်​မှု​ကူး​ရာ​ရောက်​ပါ​စေ​သော။

8 သူ​၏​အ​သက်​သည်​မ​ကြာ​မီ​ကုန်​ဆုံး​လျက် သူ​၏​ရာ​ထူး​ကို​အ​ခြား​သူ​တစ်​ဦး​ရ​ရှိ ပါ​စေ​သော။

9 သူ​၏​သား​သ​မီး​များ​သည်​မိ​ဘ​မဲ့​များ​ဖြစ် ကြ​လျက် သူ​၏​ဇ​နီး​သည်​မု​ဆိုး​မ​ဖြစ်​ပါ​စေ​သော။

10 သူ​၏​သား​သ​မီး​တို့​သည်​အိမ်​ရာ​မဲ့​သူ​တောင်း စား​များ ဖြစ်​ကြ​၍မိ​မိ​တို့​နေ​ထိုင်​ရာ​အိမ်​ပျက်​များ​မှ​နှင်​ထုတ် ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။

11 ကြွေး​ရှင်​တို့​သည်​သူ​၏​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို သိမ်း​ယူ​ကြ​လျက်​သူ​စိမ်း​တစ်​ရံ​ဆံ​တို့​သည်သူ​လုပ်​ကိုင်​၍​ရ​သ​မျှ​သော​အ​ကျိုး​ခံ​စား ရ​ကြ​ပါ​စေ​သော။