ဆာ​လံ 109:7-13 BCL

7 သူ့​အား​စစ်​ဆေး​၍​ပြစ်​မှု​ထင်​ရှား​ပါ​စေ​သော။သူ​၏​ဆု​တောင်း​ပတ္ထ​နာ​သည်​ပင်​လျှင် ပြစ်​မှု​ကူး​ရာ​ရောက်​ပါ​စေ​သော။

8 သူ​၏​အ​သက်​သည်​မ​ကြာ​မီ​ကုန်​ဆုံး​လျက် သူ​၏​ရာ​ထူး​ကို​အ​ခြား​သူ​တစ်​ဦး​ရ​ရှိ ပါ​စေ​သော။

9 သူ​၏​သား​သ​မီး​များ​သည်​မိ​ဘ​မဲ့​များ​ဖြစ် ကြ​လျက် သူ​၏​ဇ​နီး​သည်​မု​ဆိုး​မ​ဖြစ်​ပါ​စေ​သော။

10 သူ​၏​သား​သ​မီး​တို့​သည်​အိမ်​ရာ​မဲ့​သူ​တောင်း စား​များ ဖြစ်​ကြ​၍မိ​မိ​တို့​နေ​ထိုင်​ရာ​အိမ်​ပျက်​များ​မှ​နှင်​ထုတ် ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။

11 ကြွေး​ရှင်​တို့​သည်​သူ​၏​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို သိမ်း​ယူ​ကြ​လျက်​သူ​စိမ်း​တစ်​ရံ​ဆံ​တို့​သည်သူ​လုပ်​ကိုင်​၍​ရ​သ​မျှ​သော​အ​ကျိုး​ခံ​စား ရ​ကြ​ပါ​စေ​သော။

12 အ​ဘယ်​အ​ခါ​၌​မျှ​သူ့​အား​သ​နား​ကြင်​နာ မည့်​သူ၊သူ​၏​ဘ​သက်​ဆိုး​များ​ကို​ကြည့်​ရှု​စောင့်​ရှောက် မည့်​သူ မ​ရှိ​ပါ​စေ​နှင့်။

13 သူ​၏​အ​မျိုး​တိမ်​ကော​ပါ​စေ​သော။သူ​၏​နာ​မည်​သည်​နောက်​မျိုး​ဆက်​၌​ပင်​လျှင် ပျောက်​ကွယ်​သွား​ပါ​စေ​သော။