3 ရန်သူတို့အားအရှင်မင်းကြီးတိုက်ခိုက် တော်မူသောနေ့၌အရှင်၏ပြည်သားတို့သည်အလိုအလျောက် ကိုယ်တော်နှင့်လိုက်ပါချီတက်ကြပါလိမ့်မည်။နံနက်ချိန်၌ကျသည့်ဆီးနှင်းကဲ့သို့သန်စွမ်း သော လူငယ်လူရွယ်အမြောက်အမြားသည်အရှင်မင်းကြီးရှိရာသန့်ရှင်းမြင့်မြတ်သည့် တောင်ပေါ်သို့ရောက်ရှိကြပါလိမ့်မည်။
4 ``သင်သည်ယဇ်ပုရောဟိတ်မင်းမေလခိ ဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟုထာဝရဘုရားသခင်သည်ကျိန်ဆို ကတိပေးတော်မူသည်ဖြစ်ရာထိုကတိတော်ကိုပြန်လည်ရုပ်သိမ်းတော်မူ လိမ့်မည် မဟုတ်ပါ။
5 ဘုရားရှင်သည်အရှင်မင်းကြီး၏လက်ယာ ဘက်တွင် ရှိတော်မူပါ၏။အမျက်ထွက်တော်မူရာနေ့ရက်၌ကိုယ်တော် သည် ဘုရင်အပေါင်းတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။
6 လူမျိုးတကာတို့ကိုတရားစီရင်တော်မူ ရာတွင်စစ်တလင်းကိုလူသေကောင်များနှင့် ပြည့်နှက်စေတော်မူလိမ့်မည်။ကမ္ဘာတစ်ဝှမ်းလုံးရှိဘုရင်တို့ကို နှိမ်နင်းတော်မူလိမ့်မည်။
7 မင်းကြီးသည်လမ်းအနီးရှိစမ်းချောင်းမှရေကိုသောက်လျက်အားအင်ပြည့်တင်းလာကာ အောင်ပွဲကိုခံတော်မူလိမ့်မည်။