ဆာ​လံ 111:7-10 BCL

7 ကိုယ်​တော်​ပြု​လေ​သ​မျှ​သော​အ​မှု​တို့​သည် သစ္စာ​နှင့်​လည်း​ကောင်း၊တ​ရား​မျှ​တ​မှု​နှင့်​လည်း​ကောင်း​ညီ​ပါ​၏။ကိုယ်​တော်​၏​ပ​ညတ်​တော်​မှန်​သ​မျှ​သည် ယုံ​ကြည်​အား​ထား​ထိုက်​ပါ​ပေ​သည်။

8 ထို​ပ​ညတ်​တော်​တို့​သည်​ထာ​ဝ​စဉ်​တည်​ပါ​၏။ယင်း​တို့​ကို​သစ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း စီ​ရင်​ထား​တော်​မူ​ပြီ။

9 ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား လွတ်​မြောက်​စေ​တော်​မူ​ပြီး​လျှင်သူ​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​တော် မူ​၏။ကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၍ တန်​ခိုး​ကြီး​တော်​မူ​ပါ​သည်​တ​ကား။

10 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​တတ်​သော သ​ဘော​သည်​ပ​ညာ​၏​အ​ချုပ်​အ​ခြာ​ဖြစ်​၏။ပ​ညတ်​တော်​ကို​စောင့်​ထိန်း​သူ​အ​ပေါင်း​တို့​အားမှန်​ကန်​စွာ​ဆုံး​ဖြတ်​နိုင်​ခွင့်​ကို​ကိုယ်​တော်​ပေး တော်​မူ​၏။ကိုယ်​တော်​အား​ထာ​ဝ​စဉ်​ထော​မ​နာ​ပြု​ကြ ပါ​စေ​သ​တည်း။