ဆာ​လံ 114:5-8 BCL

5 အ​ချင်း​ပင်​လယ်၊သင်​သည်​အ​ဘယ်​ကြောင့် ထွက်​ပြေး​ပါ​သ​နည်း။အ​ချင်း​ယော်​ဒန်​မြစ်၊သင်​သည်​အ​ဘယ်​ကြောင့် မ​စီး​ဘဲ​ရပ်​တန့်​ပါ​သ​နည်း။

6 တောင်​ကြီး​တို့၊သင်​တို့​သည်​အ​ဘယ်​ကြောင့် ဆိတ်​များ​ကဲ့​သို့​ခုန်​ပေါက်​ကြ​ပါ​သ​နည်း။တောင်​ငယ်​တို့၊သင်​တို့​သည်​အ​ဘယ်​ကြောင့် သိုး​သ​ငယ်​များ​ကဲ့​သို့​ခုန်​ပေါက်​ကြ​ပါ သ​နည်း။

7 အ​ချင်း​မြေ​ကြီး၊ယာ​ကုပ်​၏​ဘု​ရား၊ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​ချိန်​၌ ရှေ့​တော်​တွင် တုန်​လှုပ်​လျက်​နေ​လော့။

8 ကိုယ်​တော်​သည်​ကျောက်​တောင်​ကို​ရေ​အိုင်၊ ကျောက်​ဆောင်​ကို​စမ်း​ချောင်း​ဖြစ်​စေ​တော် မူ​၏။