1 အို ထာဝရဘုရား၊ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့်သစ္စာတော်ကြောင့်ကိုယ်တော်တစ်ပါးတည်း ၌သာလျှင် ဘုန်းအသရေရှိတော်မူပါ၏။ကျွန်တော်မျိုးတို့၌ဘုန်းအသရေမရှိပါ။
2 ``သင်တို့၏ဘုရားသည်အဘယ်မှာရှိသနည်း'' ဟုလူမျိုးတကာတို့သည်အဘယ်ကြောင့်ငါတို့အား မေးရကြပါသနည်း။
3 ငါတို့ဘုရားသည်ကောင်းကင်ဘုံတွင်ရှိတော်မူ၍အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။
4 သူတို့ဘုရားများကားရွှေငွေဖြင့်ပြီး၍ လူ့လက်ဖြင့် ပြုလုပ်သောဘုရားများဖြစ်ကြ၏။