ဆာ​လံ 115:12-18 BCL

12 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​သ​တိ​ရ​တော် မူ​၍ ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​လည်း​ကောင်း၊ဘု​ရား​သ​ခင်​၏ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​ကို​လည်း ကောင်း ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။

13 ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူအ​ပေါင်း​တို့​အား​ယုတ်​မြတ်​မ​ရွေး​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။

14 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်သင်​တို့​၏​သား​မြေး​တို့​အား​သား​သ​မီး​များ​ကို ပေး​တော်​မူ​ပါ​စေ​သော။

15 ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သောထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး တော်​မူ​ပါ​စေ​သော။

16 ကောင်း​ကင်​ကို​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း သာ​လျှင် ပိုင်​တော်​မူ​၏။ကမ္ဘာ​မြေ​ကြီး​ကို​မူ​ကား​လူ​သား​တို့​အား ပေး​တော်​မူ​၏။

17 သေ​လွန်​ကြ​သူ၊ဆိတ်​ငြိမ်​ရာ​သို့သက်​ဆင်း​ကြ​သူ​များ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​မ​ပြု​ကြ။

18 သို့​ရာ​တွင်​အ​သက်​ရှင်​နေ​သူ​ငါ​တို့​မူ​ကားယ​ခု​မှ​စ​၍​အ​စဉ်​အ​ဆက်​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​မည်။ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။