ဆာ​လံ 115:3-9 BCL

3 ငါ​တို့​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ​၍အ​လို​တော်​အ​ရ​ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​တော်​မူ​၏။

4 သူ​တို့​ဘု​ရား​များ​ကား​ရွှေ​ငွေ​ဖြင့်​ပြီး​၍ လူ့​လက်​ဖြင့် ပြု​လုပ်​သော​ဘု​ရား​များ​ဖြစ်​ကြ​၏။

5 ယင်း​တို့​သည်​နှုတ်​များ​ပါ​ရှိ​လျက်​နှင့်​စ​ကား မပြော​နိုင်။မျက်​စိ​များ​ပါ​ရှိ​လျက်​နှင့်​မ​မြင်​နိုင်။

6 နား​များ​ပါ​ရှိ​လျက်​နှင့်​မ​ကြား​နိုင်။နှာ​ခေါင်း​များ​ရှိ​ပါ​လျက်​နှင့်​အ​နံ့​မ​ရ​နိုင်။

7 လက်​များ​ပါ​ရှိ​လျက်​နှင့်​မ​ထိ​မ​တွေ့​နိုင်။ ခြေ​များ​ရှိ​ပါ​လျက်​နှင့်​လမ်း​မ​လျှောက်​နိုင်။သူ​တို့​သည်​အ​သံ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​နိုင်။

8 ထို​ရုပ်​တု​တို့​ကို​ပြု​လုပ်​သူ​များ​နှင့်​ကိုး​စား သူ​တို့​သည်မိ​မိ​တို့​ပြု​လုပ်​သည့်​ရုပ်​တု​များ​ကဲ့​သို့ ဖြစ်​ကြ​ပါ​စေ​သော။

9 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ထာ​ဝ​ရ​ဘု​ရား ကို ကိုး​စား​ကြ​လော့။ကိုယ်​တော်​သည်​သင်​တို့​ကို​ကူ​မ​တော်​မူ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။