ဆာ​လံ 116:1-6 BCL

1 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ပန်​ကြားလျှောက်​ထား​ချက်​ကို​ကြား​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​ကိုယ်​တော်​ကို​ချစ်​မြတ်​နိုး​၏။ကိုယ်​တော်​သည်​ငါ​၏​ဆု​တောင်း​ပတ္ထနာ​ကို နား​ထောင်​တော်​မူ​၏။

2 ငါ​လျှောက်​ထား​သည့်​အ​ခါ​တိုင်း​ကိုယ်​တော် နား​ထောင်​တော်​မူ​၏။

3 သေ​မင်း​၏​ကျော့​ကွင်း​သည်​ငါ့​ကို​ဖမ်း​မိ​လျက် နေ​၏။ သေ​ဘေး​သည်​ငါ့​ကို​ဝိုင်း​ရံ​လျက်​နေ​၏။ငါ​သည်​ကြောက်​လန့်​၍​စိုး​ရိမ်​ပူ​ပန်​ရ​၏။

4 ထို​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တောင်း​ပန် ပါ​၏။ကျွန်​တော်​မျိုး​ကို​ကယ်​တော်​မူ​ပါ'' ဟုထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့​ငါ​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။

5 ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​ကြင်​နာ​တော်​မူ​၍ ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​က​ရု​ဏာ​တော်​ရှင် ဖြစ်​တော်​မူ​၏။

6 ထာ​ဝ​ရ​ဘု​ရား​သည်​ခို​ကိုး​ရာ​မဲ့​သူ​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ငါ​ဘေး​ဥ​ပဒ်​ရောက်​သော​အ​ခါ​ငါ့​ကို ကယ်​တော်​မူ​၏။