ဆာ​လံ 118:1-5 BCL

1 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​တော်​မူ​သ​ဖြင့် ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ လော့။

2 ``ကိုယ်​တော်​၏​မေတ္တာ​တော်​သည်ထာ​ဝ​စဉ်​တည်​ပါ​၏'' ဟု​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဝန်​ခံ​ကြ​စေ။

3 ``ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်တည်​တော်​မူ​ပါ​၏'' ဟု​ဘု​ရား​သ​ခင်​၏ ယဇ်​ပု​ရော​ဟိတ်​တို့​ဝန်​ခံ​ကြ​စေ။

4 ``ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​ပါ​၏'' ဟုကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​အ​ပေါင်း​တို့ ဝန်​ခံ​ကြ​စေ။

5 ငါ​သည်​အ​လွန်​ဒုက္ခ​ရောက်​သ​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား ပတ္ထ​နာ​ပြု​ပါ​၏။ကိုယ်​တော်​သည်​လည်း​ထူး​တော်​မူ​၍ ငါ့​ကို​လွတ်​မြောက်​စေ​တော်​မူ​၏။