ဆာ​လံ 118:15-16-22 BCL

15-16 ``ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး​တော် အား​ဖြင့်အံ့​သြ​ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု တော်​မူ​လေ​ပြီ။ကြီး​မား​သည့်​တန်​ခိုး​တော်​ကြောင့်​ငါ​တို့​သည်အောင်​ပွဲ​ကို​ရ​ရှိ​လေ​ပြီ'' ဟု​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​သည်မိ​မိ​တို့​တဲ​များ​မှ​ဝမ်း​မြောက်​စွာ​အောင်​သံ​ပေး​၍ ကြွေး​ကြော်​ကြ​သည်​ကို​နား​ထောင်​ကြ​လော့။

17 ငါ​သည်​မ​သေ​သေး​ဘဲ​အ​သက်​ရှင်​၍​ထာ​ဝ​ရ ဘု​ရား ပြု​တော်​မူ​သော​အ​မှု​တော်​ကို​ဖော်​ပြ​မည်။

18 ကိုယ်​တော်​သည်​ငါ့​ကို​ကြပ်​တည်း​စွာဆုံး​မ​တော်​မူ​သော်​လည်း​သေ​မင်း​၏​လက်​သို့ အပ်​တော်​မ​မူ။

19 ငါ​၏​အ​တွက်​ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​ဖွင့် လိုက်​ကြ။ငါ​သည်​ဝင်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​မည်။

20 ဤ​တံ​ခါး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တံ​ခါး​ဖြစ်​၍ သူ​တော်​ကောင်း​တို့​သာ​လျှင်​ဝင်​ရ​ကြ​၏။

21 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​လျှောက်​ထား ချက်​ကို ကြား​တော်​မူ​၍ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို​ပေး​တော်​မူ သ​ဖြင့်ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား​ထော​မ​နာ ပြု​ပါ​၏။

22 တိုက်​ကို​တည်​ဆောက်​သူ​တို့​ပစ်​ပယ်​ထား​သောကျောက်​သည်​အ​ရေး​အ​ကြီး​ဆုံး​ဖြစ်​သော ထောင့်​ချုပ်​ကျောက်​ဖြစ်​လာ​ရ​၏။