ဆာ​လံ 118:21-27 BCL

21 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​လျှောက်​ထား ချက်​ကို ကြား​တော်​မူ​၍ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို​ပေး​တော်​မူ သ​ဖြင့်ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား​ထော​မ​နာ ပြု​ပါ​၏။

22 တိုက်​ကို​တည်​ဆောက်​သူ​တို့​ပစ်​ပယ်​ထား​သောကျောက်​သည်​အ​ရေး​အ​ကြီး​ဆုံး​ဖြစ်​သော ထောင့်​ချုပ်​ကျောက်​ဖြစ်​လာ​ရ​၏။

23 ဤ​အ​မှု​ကား​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏။ငါ​တို့​မျက်​မှောက်​၌​အံ့​သြ​ဖွယ် ကောင်း​လှ​ပါ​သည်​တ​ကား။

24 ဤ​နေ့​ရက်​သည်​ထာ​ဝ​ရ​ဘု​ရား​အောင်​ပွဲ ခံ​တော်​မူ​သော​နေ့​ရက်​ဖြစ်​၍ငါ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကျင်း​ပ ကြ​ကုန်​အံ့။

25 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​အောင်​မြင်​ခွင့်​ကို​ပေး​တော် မူ​ပါ။

26 ထာ​ဝ​ရ​ဘု​ရား​၏​အ​ခွင့်​နှင့်​ကြွ​လာ​သော​သူ​အား ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​မှ​နေ​၍ ကိုယ်​တော်​ကို​ကောင်း​ချီး​ပေး​ပါ​၏။

27 ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​သည်​ငါ​တို့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပြီ။သင်​တို့​သည်​သစ်​ခက်​များ​ကိုင်​၍၊ပွဲ​သ​ဘင်​ကို​အ​စ​ပြု​ကာ​ယဇ်​ပလ္လင်​ကို​လှည့်​၍ ချီ​တက်​ကြ​လော့။