ဆာ​လံ 119:153-159 BCL

153 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကိုမ​မေ့​မ​လော့​ပါ။သို့​ဖြစ်​၍​ကွန်​တော်​မျိုး​၏​ဒုက္ခ​ကို​ရှု​မှတ်​လက်ကယ်​တော်​မူ​ပါ။

154 ကွန်​တော်​မျိုး​၏​အ​မှု​တွင်​ကွန်​တော်​မျိုး​၏​ဘက်​မှခေ​ပ​တော်​မူ​၍ကွန်​တော်​မျိုး​အား​လွတ်​ငြိမ်း​ခမ်း​သာ​ခွင့်ရ​စေ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်းကွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

155 သူ​ယုတ်​မာ​တို့​သည်​ကိုယ်​တော်​ရှင်​၏ပ​ညတ်​တော်​တို့​ကို​မ​လိုက်​နာ​ကြ​သ​ဖြင့်ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ကယ်တော်​မူ​လိမ့်​မည်မ​ဟုတ်​ပါ။

156 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား"ကိုယ်​တော်​ရှင်​၏​က​ရု​ဏာ​တော်​သည်ကြီး​မား​တော်​မူ​သည်​ဖြစ်​ရာက​ရု​ဏာ​ထား​တော်​မူ​၍​ကွန်​တော်​မျိုး​အားကယ်​တော်​မူ​ပါ။

157 ကွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု​သူ​နှင့်​ဖိ​နှိပ်​ညှဉ်း​ဆဲ​သူအ​မား​ပင်​ရှိ​ပါ​၏။သို့​ရာ​တွင်​ကွန်​တော်​မျိုး​သည်​ပ​ညတ်​တော်​တို့​ကိုလိုက်​နာ​ရန်​မ​ပက်​ကွက်​ပါ။

158 သူ​တို့​သည်​ဥ​ပ​ဒေ​သ​တော်​တို့​ကိုမ​စောင့်​ထိန်း​ကြ​ပါ။သို့​ဖြစ်​၍​ထို​သ​စ္စာ​ဖောက်​တို့​ကို​မြင်​သော​အ​ခါကွန်​တော်​မျိုး​သည်​နှ​လုံး​နာ​ပါ​၏။

159 အို ထာ​ဝ​ရ​ဘု​ရား"ကွန်​တော်​မျိုး​သည်​ကိုယ်တော်​ရှင်​၏ပ​ညတ်​တော်​တို့​ကိုအ​ဘယ်​မှ​နှစ်​သက်​မြတ်​နိုး​သည်​ကို သိမှတ်​တော်​မူ​ပါ။ကိုယ်​တော်​၏​မေတ္တာ​တော်​မ​ပြောင်း​လဲ​သော​ကြောင့်ကွန်​တော်​မျိုး​အား​ကယ်တော်​မူ​ပါ။