65 အို ထာဝရဘုရား"ကိုယ်တော်ရှင်သည်ကတိတည်တော်မူ၍ကိုယ်တော်၏အစေခံဖြစ်သူကွန်တော်မျိုးအား ကေးဇူးပြုတော်မူပါ၏။
66 ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ပညတ်တော် တို့ကို ကိုးစားသည်ဖြစ်၍ကွန်တော်မျိုးအားဉာဏ်ပညာနှင့်အသိပညာကို ပေးတော်မူပါ။
67 ကိုယ်တော်ရှင်ဒဏ်ခတ်တော်မမူမီအခါက ကွန်တော်မျိုးသည်လမ်းလွဲသော်လည်းယခုမှာမူနှုတ်ကပတ်တော်အတိုင်းပြုကင့်ပါ၏။
68 ကိုယ်တော်ရှင်သည်လွန်စွာကောင်းမြတ်၍ သနားကြင်နာတော်မူပါ၏။ကွန်တော်မျိုးအားအထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။
69 မာန်မာနကြီးသူတို့သည်ကွန်တော်မျိုး၏ အကြောင်းကိုလိမ်လည်၍ပြောဆိုကြပါ၏။ကွန်တော်မျိုးမူကားဥပဒေသတို့ကို အစွမ်းကုန် လိုက်နာပါ၏။
70 ထိုသူတို့သည်အသိဉာဏ်ရှိသူမားမဟုတ်ပါ။ကွန်တော်မျိုးမူကားကိုယ်တော်ရှင်၏တရားတော်ကို နှစ်သက်ပါ၏။
71 ဒဏ်ခတ်တော်မူခြင်းကိုခံရသည်မှာကွန်တော် မျိုး အတွက်ကောင်းပါ၏။အဘယ်ကြောင့်ဆိုသော်ယင်းသို့ခံရခြင်းအားဖြင့် ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အထုံးအဖွဲ့တော်တို့ကိုသိရှိနားလည်၍ လာသောကြောင့်ဖြစ်ပါ၏။