68 ကိုယ်တော်ရှင်သည်လွန်စွာကောင်းမြတ်၍ သနားကြင်နာတော်မူပါ၏။ကွန်တော်မျိုးအားအထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။
69 မာန်မာနကြီးသူတို့သည်ကွန်တော်မျိုး၏ အကြောင်းကိုလိမ်လည်၍ပြောဆိုကြပါ၏။ကွန်တော်မျိုးမူကားဥပဒေသတို့ကို အစွမ်းကုန် လိုက်နာပါ၏။
70 ထိုသူတို့သည်အသိဉာဏ်ရှိသူမားမဟုတ်ပါ။ကွန်တော်မျိုးမူကားကိုယ်တော်ရှင်၏တရားတော်ကို နှစ်သက်ပါ၏။
71 ဒဏ်ခတ်တော်မူခြင်းကိုခံရသည်မှာကွန်တော် မျိုး အတွက်ကောင်းပါ၏။အဘယ်ကြောင့်ဆိုသော်ယင်းသို့ခံရခြင်းအားဖြင့် ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အထုံးအဖွဲ့တော်တို့ကိုသိရှိနားလည်၍ လာသောကြောင့်ဖြစ်ပါ၏။
72 ကိုယ်တော်ရှင်ပေးတော်မူသောတရားတော်သည်ကွန်တော်မျိုးအတွက်လောကရေ"ငွေ ရှိသမှထက်ပို၍အဖိုးထိုက်ပါ၏။
73 ကိုယ်တော်ရှင်သည်ကွန်တော်မျိုးကိုဖန်ဆင်းတော်မူ၍ ဘေးမဲ့လုံခြုံစွာထားတော်မူပါ၏။ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုသိရှိ နားလည်နိုင်ရန်ကွန်တော်မျိုးအားအသိဉာဏ်ကိုပေးတော်မူပါ။
74 ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ကတိတော်ကို အားကိုးသည်ဖြစ်၍ကိုယ်တော်ရှင်အားကြောက်ရွံ့ရိုသေသူတို့သည်ကွန်တော်မျိုးကိုမြင်၍ဝမ်းမြောက်ကြပါလိမ့်မည်။