ဆာ​လံ 119:73-79 BCL

73 ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​ကို​ဖန်​ဆင်း​တော်​မူ​၍ ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို​သိ​ရှိ နား​လည်​နိုင်​ရန်ကွန်​တော်​မျိုး​အား​အ​သိ​ဉာဏ်​ကို​ပေး​တော်​မူ​ပါ။

74 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​က​တိ​တော်​ကို အား​ကိုး​သည်​ဖြစ်​၍ကိုယ်​တော်​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​သူ​တို့​သည်ကွန်​တော်​မျိုး​ကို​မြင်​၍​ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။

75 အို ထာ​ဝ​ရ​ဘု​ရား"ကိုယ်​တော်​ရှင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက် တို့​သည် တ​ရား​မှ​တ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း"သစ္စာ​တော်​နှင့်​အ​ညီ​ကွန်​တော်​မျိုး​အားဒဏ်​ခတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ကွန်​တော်​မျိုး​သိ​ပါ​၏။

76 က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကိုယ်​တော်​ရှင်​၏ ခိုင်​မြဲ​သော​မေတ္တာ​တော်​သည်ကိုယ်​တော့်​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး​အား စိတ်​သက်​သာ​မှု​ကို​ပေး​တော်​မူ​ပါ​စေ​သော။

77 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား တော်​ကို နှစ်​သက်​မြတ်​နိုး​သည်​ဖြစ်​၍ကွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။သို့​ပြု​လှင်​ကွန်​တော်​မျိုး​အ​သက်​ရှင်​ရ​ပါ လိမ့်​မည်။

78 မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​အား လိမ်​လည် စွပ်​စွဲ​ကြ​သည့်​အ​တွက်​အ​ရှက်​ရ​ကြ​ပါ​စေ​သော။ကွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​တို့​ကို​ဆင်​ခြင်​ပါ​မည်။

79 ကိုယ်​တော်​ရှင်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ"ကိုယ်​တော်​၏​ဆုံး​မ​သွန်​သင်​တော်​မူ​ခက်​တို့​ကို သိ​သော​သူ​တို့​သည်ကွန်​တော်​မျိုး​၏​ထံ​သို့​လာ​ကြ​ပါ​စေ​သော။