ဆာ​လံ 119:75-81 BCL

75 အို ထာ​ဝ​ရ​ဘု​ရား"ကိုယ်​တော်​ရှင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက် တို့​သည် တ​ရား​မှ​တ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း"သစ္စာ​တော်​နှင့်​အ​ညီ​ကွန်​တော်​မျိုး​အားဒဏ်​ခတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ကွန်​တော်​မျိုး​သိ​ပါ​၏။

76 က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကိုယ်​တော်​ရှင်​၏ ခိုင်​မြဲ​သော​မေတ္တာ​တော်​သည်ကိုယ်​တော့်​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး​အား စိတ်​သက်​သာ​မှု​ကို​ပေး​တော်​မူ​ပါ​စေ​သော။

77 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား တော်​ကို နှစ်​သက်​မြတ်​နိုး​သည်​ဖြစ်​၍ကွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။သို့​ပြု​လှင်​ကွန်​တော်​မျိုး​အ​သက်​ရှင်​ရ​ပါ လိမ့်​မည်။

78 မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​အား လိမ်​လည် စွပ်​စွဲ​ကြ​သည့်​အ​တွက်​အ​ရှက်​ရ​ကြ​ပါ​စေ​သော။ကွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​တို့​ကို​ဆင်​ခြင်​ပါ​မည်။

79 ကိုယ်​တော်​ရှင်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ"ကိုယ်​တော်​၏​ဆုံး​မ​သွန်​သင်​တော်​မူ​ခက်​တို့​ကို သိ​သော​သူ​တို့​သည်ကွန်​တော်​မျိုး​၏​ထံ​သို့​လာ​ကြ​ပါ​စေ​သော။

80 ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လှောက်​သ​ဖြင့်အ​ရေး​ရှုံး​နိမ့်​၍​အ​ရှက်​ကွဲ​မှု​နှင့် ကင်း​လွတ်​ပါ​စေ​သော။

81 အို ထာ​ဝ​ရ​ဘု​ရား"ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကယ်​တော် မူ​မည်​ကို စောင့်​ဆိုင်း​ရ​၍​အား​အင်​ကုန်​ခန်း​လက်​ရှိ​ပါ​၏။ကွန်​တော်​မျိုး​သည်​နှုတ်​က​ပတ်​တော်​ကို ကိုး​စား​ပါ​၏။