ဆာ​လံ 122:5-9 BCL

5 ဤ​မြို့​သည်​ဣ​သ​ရေ​လ​ဘု​ရင်​တို့​နန်း​စိုက်​၍ ပြည်​သူ​တို့​အား​တ​ရား​စီ​ရင်​ရာ​ဌာ​န​ဖြစ်​၏။

6-7 ``သင့်​ကို​ချစ်​မြတ်​နိုး​သူ​တို့​သည်​ကောင်း​စား ကြ​ပါ​စေ​သော။သင်​၏​မြို့​ရိုး​များ​အ​တွင်း​၌​ငြိမ်း​ချမ်း​သာ​ယာ မှု​ရှိ​၍သင်​၏​နန်း​တော်​များ​အ​တွင်း​၌​ဘေး​မဲ့​လုံ​ခြုံ​မှု ရှိ​ပါ​စေ​သော'' ဟုယေ​ရု​ရှ​လင်​မြို့​၏​ငြိမ်း​ချမ်း​သာ​ယာ​ရေး​အ​တွက် ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။

8 ငါ​သည်​ဆွေ​မျိုး​များ​နှင့်​မိတ်​ဆွေ​များ​ကို ထောက်​ထား​၍​ယေ​ရု​ရှ​လင်​မြို့​အား``သင်​၌​ငြိမ်း​ချမ်း​သာ​ယာ​ခြင်း​ရှိ​ပါ​စေ​သော'' ဟု မြွက်​ဆို​ပါ​၏။

9 ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အိမ်​တော်​ကို​ထောက်​ထား​၍သင်​၏​စည်​ပင်​သာ​ယာ​မှု​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။