ဆာ​လံ 124:1-5 BCL

1 အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သာငါ​တို့​ဘက်​၌​ရှိ​တော်​မ​မူ​ခဲ့​လျှင်​အ​ဘယ်​သို့ ဖြစ်​ပါ​လိမ့်​မည်​နည်း။အို ဣသ​ရေ​လ​အ​မျိုး​သား​တို့၊ဖြေ​ကြား​ကြ​လော့။

2 ငါ​တို့​အား​ရန်​သူ​များ​တိုက်​ခိုက်​ကြ​စဉ်​အ​ခါ​ကထာ​ဝ​ရ​ဘု​ရား​သာ​ငါ​တို့​ဘက်​၌​ရှိ​တော် မ​မူ​ခဲ့​လျှင်

3 သူ​တို့​သည်​ဒေါ​သ​အ​မျက်​ချောင်း​ချောင်း​ထွက်​၍ငါ​တို့​အား​အ​ရှင်​လတ်​လတ်​ဝါး​မျို​လိုက်​ကြ လိမ့်​မည်။

4 ထို​နောက်​ငါ​တို့​သည်​ရေ​စီး​ရာ​သို့​မျော​ပါ​သွား​၍ ရေ​သည်​ငါ​တို့​ကို​လွှမ်း​မိုး​လိမ့်​မည်။

5 ငါ​တို့​သည်​အ​ဟုန်​ပြင်း​သည့်​ရေ​စီး​ချောင်း​တွင် နစ်​မြုပ်​သွား​ကြ​လိမ့်​မည်။