ဆာ​လံ 13:3-6 BCL

3 ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​ကြည့်​တော်​မူ​၍ ထူး​တော်​မူ​ပါ။ကျွန်​တော်​မျိုး​ကို​ပြန်​လည်​၍​ခွန်​အား​ဖြင့် ပြည့်​ဝ​စေ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​အား​သေ​စေ​တော်​မ​မူ​ပါ​နှင့်။

4 ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်``ငါ​တို့​သူ့​ကို​အ​နိုင်​ရ​ပြီ'' ဟူ​၍ ပြော​ဆို​နိုင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။သူ​တို့​အား​ကျွန်​တော်​မျိုး​၏​ပြို​လဲ​မှု​ကြောင့် ဝမ်း​မြောက်​နိုင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။

5 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​အား​ကိုး​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​မည်​ဖြစ်​၍ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​မည်။

6 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား ကျေး​ဇူး​ပြု​တော်​မူ​သ​ဖြင့်ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။