1 အို ထာဝရဘုရား၊ဒါဝိဒ်မင်းနှင့်သူခံခဲ့ရသမျှသောဆင်းရဲ ဒုက္ခတို့ကိုသတိရတော်မူပါ။
2-5 အို ထာဝရဘုရား၊ဒါဝိဒ်က``ကျွန်တော်မျိုးသည်ထာဝရဘုရား ကိန်းဝပ်တော်မူရန်ဌာနတော်ကိုလည်းကောင်း၊ယာကုပ်ကိုးကွယ်သောတန်ခိုးကြီးသည့် ဘုရားသခင်အတွက်အိမ်တော်ကိုလည်း ကောင်းဆောက်လုပ်၍မပြီးသေးသမျှကာလပတ်လုံး နားနေအိပ်စက်မှုကိုပြုမည်မဟုတ်ပါ။အိမ်ကိုလည်းမပြန်။ အိပ်ရာထဲသို့လည်း ဝင်မည်မဟုတ်'' ဟုယာကုပ်ကိုးကွယ်သောတန်ခိုးကြီးသည့်ဘုရားသခင်အားပြုသောသစ္စာကတိကို သတိရတော်မူ၏။
6 ဗက်လင်မြို့တွင်ပဋိညာဉ်သေတ္တာတော် အကြောင်းကိုငါတို့ကြားသိကြ၍ယင်းသေတ္တာတော်ကို ယာရိမ်ကွင်း၌တွေ့ရှိရကြ၏။
7 ``ငါတို့သည်ထာဝရဘုရား၏အိမ်တော်သို့ သွားကြကုန်အံ့။ပလ္လင်တော်ရှေ့တွင်ကိုယ်တော်ကိုဝတ်ပြု ကိုးကွယ်ကြကုန်အံ့'' ဟုငါတို့ဆိုကြ၏။