ဆာ​လံ 132:1-9 BCL

1 အို ထာ​ဝ​ရ​ဘု​ရား၊ဒါ​ဝိဒ်​မင်း​နှင့်​သူ​ခံ​ခဲ့​ရ​သ​မျှ​သော​ဆင်း​ရဲ ဒုက္ခ​တို့​ကို​သ​တိ​ရ​တော်​မူ​ပါ။

2-5 အို ထာ​ဝ​ရ​ဘု​ရား၊ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား ကိန်း​ဝပ်​တော်​မူ​ရန်​ဌာ​န​တော်​ကို​လည်း​ကောင်း၊ယာ​ကုပ်​ကိုး​ကွယ်​သော​တန်​ခိုး​ကြီး​သည့် ဘု​ရား​သ​ခင်​အ​တွက်​အိမ်​တော်​ကို​လည်း ကောင်းဆောက်​လုပ်​၍​မ​ပြီး​သေး​သ​မျှ​ကာ​လ​ပတ်​လုံး နား​နေ​အိပ်​စက်​မှု​ကို​ပြု​မည်​မ​ဟုတ်​ပါ။အိမ်​ကို​လည်း​မ​ပြန်။ အိပ်​ရာ​ထဲ​သို့​လည်း ဝင်​မည်​မ​ဟုတ်'' ဟုယာ​ကုပ်​ကိုး​ကွယ်​သော​တန်​ခိုး​ကြီး​သည့်ဘု​ရား​သ​ခင်​အား​ပြု​သော​သစ္စာ​က​တိ​ကို သ​တိ​ရ​တော်​မူ​၏။

6 ဗက်​လင်​မြို့​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် အ​ကြောင်း​ကိုငါ​တို့​ကြား​သိ​ကြ​၍​ယင်း​သေတ္တာ​တော်​ကို ယာ​ရိမ်​ကွင်း​၌​တွေ့​ရှိ​ရ​ကြ​၏။

7 ``ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့ သွား​ကြ​ကုန်​အံ့။ပလ္လင်​တော်​ရှေ့​တွင်​ကိုယ်​တော်​ကို​ဝတ်​ပြု ကိုး​ကွယ်​ကြ​ကုန်​အံ့'' ဟု​ငါ​တို့​ဆို​ကြ​၏။

8 အို ထာ​ဝ​ရ​ဘု​ရား၊ တန်​ခိုး​တော်​၏​အ​မှတ်​လက္ခ​ဏာ​ဖြစ်​သည့်ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​အ​တူ​ဗိ​မာန်​တော်​သို့ ကြွ​လာ​တော်​မူ​၏။

9 ကိုယ်​တော်​ရှင်​၏​ယဇ်​ပု​ရော​ဟိတ်​တို့​သည် မှန်​ကန်​ရာ​ကို အ​မြဲ​ပြု​ကျင့်​နိုင်​ကြ​ပါ​စေ​သော။ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ဝမ်း​မြောက် ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​ပါ​စေ​သော။