11 အာမောရိဘုရင်ရှိဟုန်မင်း၊ဗာရှန်ဘုရင်သြဃမင်းနှင့်ခါနာန်နိုင်ငံမှဘုရင်အပေါင်း တို့ကို ကွပ်မျက်တော်မူ၏။
12 သူတို့၏နယ်မြေများကိုမိမိ၏လူစုတော်အား ပေးတော်မူ၏။ထိုနယ်မြေများကိုဣသရေလအမျိုးသား တို့အား ပေးတော်မူ၏။
13 အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ဘုရားဖြစ်တော်မူကြောင်းကိုလူတို့သည်အခါခပ်သိမ်းကြားသိကြပါ လိမ့်မည်။ကိုယ်တော်၏နာမတော်သည်ကာလအစဉ် အဆက် ကျော်ကြားပါလိမ့်မည်။
14 ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကွယ်ကာတော်မူလိမ့်မည်။မိမိ၏အစေခံတို့အားကရုဏာ ထားတော်မူလိမ့်မည်။
15 လူမျိုးတကာတို့ကိုးကွယ်ကြသည့်ရုပ်တု များသည် ရွှေငွေဖြင့်ပြီးကြ၏။ယင်းတို့သည်လူတို့လက်ဖြင့်ပြုလုပ်သော အရာများဖြစ်ပေသည်။
16 ထိုရုပ်တုတို့သည်နှုတ်များရှိပါလျက် စကားမပြောနိုင်၊မျက်စိများရှိပါလျက်မမြင်နိုင်။
17 သူတို့သည်နားများရှိပါလျက်မကြားနိုင်။သူတို့၏ခံတွင်း၌လည်းထွက်သက်ဝင်သက်မရှိ။