ဆာ​လံ 135:1-2-6 BCL

1-2 ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​သူ၊ထာ​ဝ​ရ ဘု​ရား​၏ အိမ်​တော်​တည်း​ဟူ​သောငါ​တို့​ဘု​ရား​၏​ဗိ​မာန်​တော်​တွင်​ရပ်​နေ​သူ​တို့ နာ​မ​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။

3 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တော်​မူ​သည် ဖြစ်​၍ နာ​မ​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။

4 ကိုယ်​တော်​သည်​ယာ​ကုပ်​အား​မိ​မိ​အ​ဖို့​လည်း ကောင်း၊ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိ​မိ​၏ ပိုင်​ရာ​တော် ဖြစ်​စေ​ရန်​လည်း​ကောင်း​ရွေး​ချယ်​တော်​မူ​၏။

5 ငါ​တို့​၏​ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ် တော်​မူ​ကြောင်း​ကို​ငါ​သိ​၏။ကိုယ်​တော်​သည်​ဘု​ရား​ရှိ​သ​မျှ​တို့​ထက် ကြီး​မြတ်​တော်​မူ​၏။

6 ကိုယ်​တော်​သည်​ကောင်း​ကင်​နှင့်​ကမ္ဘာ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း၊ပင်​လယ်​နှင့်​ပင်​လယ်​အောက်​နက်​ရှိုင်း​ရာ အ​ရပ်​တို့​၌​လည်း​ကောင်းအ​လို​တော်​အ​ရ​ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​တော်​မူ​၏။