ဆာ​လံ 135:8-14 BCL

8 အီ​ဂျစ်​ပြည်​တွင်​လူ​နှင့်​တိ​ရစ္ဆာန်​သား​ဦး​ရှိ သ​မျှ​ကို သေ​ဒဏ်​ခတ်​တော်​မူ​၏။

9 ထို​ပြည်​တွင်​ဖာ​ရော​ဘု​ရင်​နှင့်သူ​၏​အ​မှု​ထမ်း​အ​ပေါင်း​တို့​ကို​ဒဏ်​ခတ်​တော် မူ​ရန်ကိုယ်​တော်​သည်​ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ များ​နှင့် အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​၏။

10 များ​စွာ​သော​တိုင်း​နိုင်​ငံ​တို့​ကိုပြို​ပျက်​စေ​တော်​မူ​၍​ဘုန်း​ကြီး​သော ဘု​ရင်​တို့​ကို​ကွပ်​မျက်​တော်​မူ​၏။

11 အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန်​မင်း၊ဗာ​ရှန်​ဘု​ရင်သြ​ဃ​မင်း​နှင့်​ခါ​နာန်​နိုင်​ငံ​မှ​ဘု​ရင်​အ​ပေါင်း တို့​ကို ကွပ်​မျက်​တော်​မူ​၏။

12 သူ​တို့​၏​နယ်​မြေ​များ​ကို​မိ​မိ​၏​လူ​စု​တော်​အား ပေး​တော်​မူ​၏။ထို​နယ်​မြေ​များ​ကို​ဣသ​ရေ​လ​အ​မျိုး​သား တို့​အား ပေး​တော်​မူ​၏။

13 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကိုလူ​တို့​သည်​အ​ခါ​ခပ်​သိမ်း​ကြား​သိ​ကြ​ပါ လိမ့်​မည်။ကိုယ်​တော်​၏​နာ​မ​တော်​သည်​ကာ​လ​အ​စဉ် အ​ဆက် ကျော်​ကြား​ပါ​လိမ့်​မည်။

14 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကွယ်​ကာ​တော်​မူ​လိမ့်​မည်။မိ​မိ​၏​အ​စေ​ခံ​တို့​အား​က​ရု​ဏာ ထား​တော်​မူ​လိမ့်​မည်။