17 ကိုယ်တော်သည်ဘုန်းကြီးသောဘုရင်တို့ကို ကွပ်မျက်တော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
18 ကိုယ်တော်သည်ကျော်စောသောဘုရင်တို့ကို ကွပ်မျက်တော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
19 အာမောရိပြည်ဘုရင်ရှိဟုန်မင်းကို ကွပ်မျက်တော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
20 ဗာရှန်ပြည်ဘုရင်သြဃမင်းကိုလည်း ကွပ်မျက်တော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
21 ကိုယ်တော်သည်သူတို့၏ပြည်နယ်များကို မိမိ၏လူစုတော်အားပေးတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
22 ထိုပြည်နယ်များကိုကိုယ်တော်သည်မိမိ၏ အစေခံဣသရေလအားပေးတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
23 ငါတို့အရေးရှုံးနိမ့်ကြသောအခါကိုယ်တော်သည် ငါတို့အားမေ့လျော့တော်မမူ။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။