ဆာ​လံ 136:2-8 BCL

2 ဘု​ရား​ရှိ​သ​မျှ​တို့​ထက်​ကြီး​မြတ်​တော်​မူ​သော အ​ရှင်​၏​ကျေး​ဇူး​ကို​ချီး​မွမ်း​ကြ​လော့။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

3 အ​ရှင်​သ​ခင်​ရှိ​သ​မျှ​တို့​ထက်တန်​ခိုး​ကြီး​တော်​မူ​သော​အ​ရှင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

4 ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင်​အ​လွန် ထူး​ဆန်း​သော နိ​မိတ်​လက္ခ​ဏာ​တို့​ကို​ပြ​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

5 ကိုယ်​တော်​သည်​ဉာဏ်​ပ​ညာ​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို​ဖန်​ဆင်း​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

6 ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​သ​မုဒ္ဒ​ရာ ပေါ်​တွင် တည်​ဆောက်​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

7 ကိုယ်​တော်​သည်​နေ​နှင့်​လ​ကို​ဖန်​ဆင်း​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

8 နေ​ကို​ဖန်​ဆင်း​တော်​မူ​သည်​မှာ​နေ့​ကို အုပ်​စိုး​စေ​ရန်​ဖြစ်​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။