ဆာ​လံ 136:6-12 BCL

6 ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​သ​မုဒ္ဒ​ရာ ပေါ်​တွင် တည်​ဆောက်​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

7 ကိုယ်​တော်​သည်​နေ​နှင့်​လ​ကို​ဖန်​ဆင်း​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

8 နေ​ကို​ဖန်​ဆင်း​တော်​မူ​သည်​မှာ​နေ့​ကို အုပ်​စိုး​စေ​ရန်​ဖြစ်​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

9 လ​နှင့်​ကြယ်​များ​ကို​ဖန်​ဆင်း​တော်​မူ​သည်​မှာ ညဥ့်​ကို​အုပ်​စိုး​စေ​ရန်​ဖြစ်​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

10 ကိုယ်​တော်​သည်​အီ​ဂျစ်​အ​မျိုး​သား​များ​၏ သား​ဦး​တို့​ကို​သေ​စေ​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

11 ကိုယ်​တော်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

12 ယင်း​သို့​ထုတ်​ဆောင်​တော်​မူ​သည်​မှာ​ခွန်​အား ကြီး​မား​သည့်​လက်​တော်​အား​ဖြင့်​လည်း​ကောင်း၊တန်​ခိုး​ကြီး​မား​သည့်​လက်​ရုံး​တော် အား​ဖြင့်​လည်း​ကောင်း​ဖြစ်​ပေ​သည်။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။