ဆာ​လံ 137:1-6 BCL

1 ဇိ​အုန်​မြို့​ကို​သ​တိ​ရ​သော​အ​ခါငါ​တို့​သည်​ဗာ​ဗု​လုံ​ပြည်​မြစ်​ချောင်း​များ အ​နီး​တွင်​ထိုင်​၍​ငို​ကြွေး​ကြ​၏။

2 အ​နီး​အ​နား​ရှိ​မိုး​မ​ခ​ပင်​များ​တွင်​ငါ​တို့​၏ စောင်း​များ​ကို​ချိတ်​ဆွဲ​ထား​ကြ​၏။

3 ငါ​တို့​ကို​ဖမ်း​သွား​ကြ​သူ​များ​က``ငါ​တို့​အားဖျော်​ဖြေ​ရန်​ဇိ​အုန်​မြို့​အ​ကြောင်း သီ​ချင်း​ဆို​ပြ​ပါ'' ဟု​ငါ​တို့​အား​ခိုင်း​ကြ​၏။

4 ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ချီး​မွမ်း သီ​ချင်း​ကိုငါ​တို့​သည်​အ​ဘယ်​သို့​လျှင်​နိုင်​ငံ​ရပ်​ခြား​၌ ဆို​နိုင်​ကြ​ပါ​မည်​နည်း။

5 အို ယေ​ရု​ရှ​လင်​မြို့၊သင့်​ကို​ငါ​မေ့​လျော့​ပါ​လျှင်ငါ​သည်​စောင်း​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ မ​တီး​နိုင်​ဘဲ​နေ​ပါ​စေ​သော။

6 ငါ​သည်​သင့်​ကို​သ​တိ​မ​ရ​လျှင်​သော်​လည်း​ကောင်း၊သင့်​ကို​ငါ့​အား​ဝမ်း​မြောက်​ရွှင်​လန်း​ဆုံး​ဖြစ်​စေ​သည့် မြို့​အ​ဖြစ်​ဖြင့်အ​မြတ်​တ​နိုး​မ​ထား​လျှင်​သော်​လည်း​ကောင်းငါ​သည်​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ သီ​ချင်း​မ​ဆို​နိုင်​ဘဲ​နေ​ပါ​စေ​သော။