ဆာ​လံ 138:3-8 BCL

3 ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ဟစ်​ခေါ်​သော အ​ခါကိုယ်​တော်​ရှင်​သည်​ထူး​တော်​မူ​၍​ကျွန်​တော်​မျိုး​အား အား​သစ်​လောင်း​တော်​မူ​ပါ​၏။

4 အို ထာ​ဝ​ရ​ဘု​ရား၊ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည်ကိုယ်​တော်​ရှင်​၏​က​တိ​တော်​များ​ကို​ကြား သိ​ရ​သ​ဖြင့် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။

5 သူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်အ​ကြောင်း​ကို​လည်း​ကောင်း၊ကိုယ်​တော်​၏​ကြီး​မြတ်​သော​ဘုန်း​အ​သ​ရေ​တော် အ​ကြောင်း​ကို​လည်း​ကောင်းသီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။

6 ကိုယ်​တော်​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​သော်​လည်း နိမ့်​ကျ​သူ​တို့​အား​ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၏။မာန်​မာ​န​ကြီး​သူ​တို့​ကို​မူ​ကား​အ​ဝေး​က သိ​တော်​မူ​၏။

7 ဒုက္ခ​များ​ပတ်​လည်​ဝိုင်း​လျက်​နေ​ချိန်​၌​ပင်​လျှင်ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​သက်​ကို ကာ​ကွယ်​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​၏ အ​မျက်​ကို​ဆီး​တား​တော်​မူ​လျက်တန်​ခိုး​တော်​အား​ဖြင့်​ကျွန်​တော်​မျိုး​ကို ကယ်​တော်​မူ​ပါ​၏။

8 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အားက​တိ​ထား​တော်​မူ​သည့်​အ​တိုင်း​ပြု​တော်​မူ ပါ​လိမ့်​မည်။အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​တော်​မူ​ပါ​၏။အ​စ​ပြု​တော်​မူ​သော​အ​မှု​တော်​ကို ပြီး​စီး​စေ​တော်​မူ​ပါ။