ဆာ​လံ 14:1-4 BCL

1 လူ​မိုက်​တို့​က``ဘု​ရား​မ​ရှိ'' ဟု​တွေး​တော ထင်​မှတ်​ကြ​၏။သူ​တို့​အား​လုံး​ပင်​အ​ကျင့်​ပျက်​ပြား​၍စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​များ​ကို ပြု​ကျင့်​ကြ​လေ​ပြီ။အ​ကျင့်​ကောင်း​ကို​ပြု​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ။

2 ထာ​ဝ​ရ​ဘု​ရား​သည်​အ​သိ​ပညာ​ရှိ​သူ​များ၊မိ​မိ​အား​ကိုး​ကွယ်​ဝတ်​ပြု​သူ​များ​ရှိ​မ​ရှိ​ကို သိ​မြင်​ရန်ကောင်း​ကင်​ဘုံ​မှ​ငုံ့​၍​လူ​သား​တို့​အား ကြည့်​တော်​မူ​၏။

3 သို့​ရာ​တွင်​လူ​အ​ပေါင်း​တို့​သည်​လမ်း​လွဲ ကြ​ကုန်​လေ​ပြီ။သူ​တို့​အား​လုံး​ပင်​တ​ညီ​တ​ညွတ်​တည်း ဆိုး​ညစ်​ကြ​၏။သူ​တို့​တွင်​အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​သူ​မ​ရှိ။ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။

4 ထာ​ဝ​ရ​ဘု​ရား​က``ထို​သူ​တို့​သည်​မ​သိ​နား​မ​လည်​သူ​များ​ပေ​လော။ဤ​သူ​ယုတ်​မာ​များ​သည်​အ​သိ​ပ​ညာ​ကင်း​မဲ့ သူ​များ​ပေ​လော။သူ​တို့​သည်​ငါ​၏​လူ​စု​တော်​ထံ​မှ​လု​ယူ တိုက်​ခိုက်​၍ အ​သက်​မွေး​ကြ​ကုန်​သည်။ငါ​၏​ထံ​သို့​လည်း​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု ကြ'' ဟု​မိန့်​တော်​မူ​၏။