ဆာ​လံ 140:4-10 BCL

4 အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​အား​သူ​ယုတ်​မာ​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ။ကျွန်​တော်​မျိုး​ပြို​လဲ​ပျက်​စီး​စေ​ရန်​ကြံ​စည်​သူအ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ​လုံ​ခြုံ​စွာ ထား​တော်​မူ​ပါ။

5 မာန်​မာ​န​ကြီး​သူ​တို့​သည်​ကျွန်​တော်​မျိုး​အ​တွက် ထောင်​ချောက်​ကို​ထောင်​ထား​ကြ​ပါ​ပြီ။သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဖမ်း​ရန်လမ်း​တွင်​ပိုက်​ကွန်​ကို​ဖြန့်​၍​ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပါ​ပြီ။

6 ``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​၏။အို ထာ​ဝ​ရ​ဘု​ရားကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ကြား​တော်​မူ​ပါ​၏။

7 အို ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​စွမ်း​အား​ကြီး​သော​ကယ်​တင်​ရှင်၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​စစ်​ပွဲ​တွင် ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​ပြီ။

8 အို ထာ​ဝ​ရ​ဘု​ရား၊သူ​ယုတ်​မာ​၏​အ​လို​ဆန္ဒ​ကို ပြည့်​စုံ​စေ​တော်​မ​မူ​ပါ​နှင့်။သူ​တို့​၏​ဆိုး​ယုတ်​သော​အ​ကြံ​အ​စည်​များ​ကို အောင်​မြင်​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။

9 ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​အား​အောင်​ပွဲ​ခံ​ခွင့် ပေး​တော်​မ​မူ​ပါ​နှင့်။ကျွန်​တော်​မျိုး​အား​ခြိမ်း​ခြောက်​ပြော​ဆို​သ​မျှ တို့​ကို သူ​တို့​ခံ​ကြ​ရ​ပါ​စေ​သော။

10 မီး​ကျီး​ခဲ​များ​သည်​သူ​တို့​၏​ဦး​ခေါင်း​ပေါ်​သို့ ကျ​ကြ​ပါ​စေ​သော။သူ​တို့​သည်​တွင်း​ထဲ​သို့​ကျ​ပြီး​လျှင် အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​၍​မ​တက်​နိုင်​ပါ​စေ​နှင့်။