ဆာ​လံ 140:9-13 BCL

9 ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​အား​အောင်​ပွဲ​ခံ​ခွင့် ပေး​တော်​မ​မူ​ပါ​နှင့်။ကျွန်​တော်​မျိုး​အား​ခြိမ်း​ခြောက်​ပြော​ဆို​သ​မျှ တို့​ကို သူ​တို့​ခံ​ကြ​ရ​ပါ​စေ​သော။

10 မီး​ကျီး​ခဲ​များ​သည်​သူ​တို့​၏​ဦး​ခေါင်း​ပေါ်​သို့ ကျ​ကြ​ပါ​စေ​သော။သူ​တို့​သည်​တွင်း​ထဲ​သို့​ကျ​ပြီး​လျှင် အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​၍​မ​တက်​နိုင်​ပါ​စေ​နှင့်။

11 သူ​တစ်​ပါး​တို့​အား​လိမ်​လည်​စွပ်​စွဲ​ကြ သူ​တို့​သည် မ​အောင်​မြင်​ပါ​စေ​နှင့်။မ​ကောင်း​မှု​သည်​အ​ကြမ်း​ဖက်​သ​မား​တို့​အား အ​မီ​လိုက်​၍​သုတ်​သင်​ဖျက်​ဆီး​ပါ​စေ​သော။

12 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ဆင်း​ရဲ​သူ​တို့​၏​အ​ကျိုး​နှင့်ချို့​တဲ့​နွမ်း​ပါး​သူ​တို့​၏​အ​ခွင့်​အ​ရေး​များ​ကို ကွယ်​ကာ​တော်​မူ​ကြောင်း​ကျွန်​တော်​မျိုး​သိ​ပါ​၏။

13 သူ​တော်​ကောင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား အ​မှန်​ပင် ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​မှောက်​တွင် နေ​ရ​ကြ​ပါ​လိမ့်​မည်။