ဆာ​လံ 149:1-4 BCL

1 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ သီ​ချင်း​သစ်​ကို​ဆို​ကြ​လော့။ကိုယ်​တော်​အား​သစ္စာ​စောင့်​သူ​တို့​စု​ဝေး ရာ​တွင် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။

2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို အ​ကြောင်း​ပြု​၍​ဝမ်း​မြောက်​ကြ​လော့။

3 ဇိ​အုန်​မြို့​သူ​မြို့​သား​တို့၊သင်​တို့​၏​ဘု​ရင်​ကို အ​ကြောင်း​ပြု​၍​ရွှင်​မြူး​ကြ​လော့။က​ခုန်​လျက်​ကိုယ်​တော်​၏​နာ​မ​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ပတ်​သာ​နှင့်​စောင်း​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

4 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား နှစ်​သက်​တော်​မူ​၏။နိမ့်​ကျ​သူ​တို့​အား​အောင်​ပွဲ​ခံ​စေ​ခြင်း​အား​ဖြင့် ချီး​မြှင့်​တော်​မူ​၏။