ဆာ​လံ 150:1-5 BCL

1 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ဗိ​မာန်​တော်​တွင်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ကြ​လော့။ကောင်း​ကင်​ထက်​တွင်​ကိုယ်​တော်​၏​တန်​ခိုး​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

2 ကိုယ်​တော်​ပြု​တော်​မူ​သည့်​မ​ဟာအ​မှု​တော်​များ​အ​တွက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။အ​လွန်​ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ ထော​မ​နာ​ပြု​ကြ​လော့။

3 တံ​ပိုး​ခ​ရာ​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။စောင်း​ကြီး​စောင်း​ငယ်​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

4 ပတ်​သာ​ကို​တီး​လျက်၊က​ခုန်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။စောင်း​များ၊ပြွေ​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

5 သံ​လွင်​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။လင်း​ကွင်း​ကြီး​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။