ဆာ​လံ 150:3-6 BCL

3 တံ​ပိုး​ခ​ရာ​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။စောင်း​ကြီး​စောင်း​ငယ်​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

4 ပတ်​သာ​ကို​တီး​လျက်၊က​ခုန်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။စောင်း​များ၊ပြွေ​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

5 သံ​လွင်​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။လင်း​ကွင်း​ကြီး​များ​ကို​တီး​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

6 သက်​ရှိ​သတ္တဝါ​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ဒါ​ဝိဒ်​မင်း​ကြီး​နှင့်​ရှင်​အာ​သပ်​အ​စ​ရှိ​သော ပ​ရော​ဖက်​များ​တို့​ရေး​ထား​သော​ဆာ​လံ​ကျမ်း ပြီး​၏။