ဆာ​လံ 16:1-4 BCL

1 အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​တွင် ခို​လှုံ​ပါ​၏။သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​ပါ။

2 ``ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​အ​ရှင် ဖြစ်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​ခံ​စား​ရ​သော​ကောင်း​ကျိုး​ချမ်း​သာ ဟူ​သ​မျှ​သည်ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော​အ​ရာ​များ ဖြစ်​ပါ​၏'' ဟုထာ​ဝ​ရ​ဘု​ရား​အား​ငါ​လျှောက်​ထား​၏။

3 ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ​စောင့်​သော​လူ​စု တော်​သည် ထူး​မြတ်​လှ​ပါ​သည်​တ​ကား။ငါ​၏​အ​နှစ်​သက်​ဆုံး​အ​ရာ​သည်​ထို​သူ​တို့ နှင့်​အ​တူ နေ​ထိုင်​ခွင့်​ပင်​ဖြစ်​ပါ​၏။

4 အ​ခြား​ဘု​ရား​များ​အား​ဆည်း​ကပ်​ကိုး​ကွယ် ကြ​သောသူ​တို့​သည်​များ​စွာ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ လိမ့်​မည်။ငါ​သည်​သူ​တို့​၏​ယဇ်​ပူ​ဇော်​မှု​များ​တွင် ပါ​ဝင်​လိမ့်​မည်​မ​ဟုတ်။သူ​တို့​၏​ဘု​ရား​များ​ကို​လည်း​ကိုး​ကွယ် ဆည်း​ကပ် လိမ့်​မည်​မ​ဟုတ်။