11 သူတို့သည်ကျွန်တော်မျိုးသွားလေရာတွင်ကျွန်တော်မျိုးအားအလဲထိုးရန် စောင့်မျှော်ဝိုင်းရံလျက်နေကြပါ၏။
12 သူတို့သည်ခြင်္သေ့များကဲ့သို့ကျွန်တော်မျိုးအားအပိုင်းပိုင်းဆုတ်ဖြဲလိုကြ၍ကျွန်တော်မျိုးကို ချောင်းမြောင်းနေကြပါ၏။
13 အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ကျွန်တော်မျိုး၏ရန်သူများကိုတွန်းလှန် ဖြိုခွင်းတော်မူပါ။ကိုယ်တော်ဋ္ဌားတော်ဖြင့်သူယုတ်မာတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
14 ဤဘဝတွင်အလိုဆန္ဒရှိသမျှအတိုင်းပြည့်ဝကြသူတို့၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။သူတို့အတွက်ကိုယ်တော်သိုမှီးထားသည့် ဆင်းရဲဒုက္ခများအားဖြင့်သူတို့အားအပြစ်ဒဏ်စီရင်တော်မူပါ။ဤဆင်းရဲဒုက္ခများကိုသူတို့၏ သားသမီးများသည်သာမကသူတို့၏မြေးမြစ်များသည်လည်း ခံစားရစေတော်မူပါ။
15 ကျွန်တော်မျိုးသည်အပြစ်မကူးလွန်ခဲ့သဖြင့် ကိုယ်တော်ရှင်ကိုဖူးမြင်ရပါလိမ့်မည်။ကျွန်တော်မျိုးအိပ်ရာမှနိုးထသောအခါ၌ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်အတူရှိတော် မူသဖြင့် ရွှင်လန်းဝမ်းမြောက်ရပါလိမ့်မည်။