5 ကိုယ်တော်၏လမ်းစဉ်ကိုသာလိုက်လျှောက်ခဲ့ပါ၏။ ထိုလမ်းစဉ်မှမတိမ်းမစောင်းခဲ့ပါ။
6 အို ဘုရားသခင်၊ကိုယ်တော်ရှင်သည်နားညောင်းတော်မူ တတ်သည်ဖြစ်၍ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ဆုတောင်းပတ္ထနာပြုပါ၏။သို့ဖြစ်၍ကျွန်တော်မျိုးဘက်သို့လှည့်တော်မူ၍ကျွန်တော်မျိုး၏ပတ္ထနာစကားများကို နားထောင်တော်မူပါ။
7 ကိုယ်တော်၏အံ့သြဖွယ်မေတ္တာတော်ကို ပေါ်လွင်ထင်ရှားစေတော်မူ၍ကျွန်တော်မျိုးကိုကယ်တင်တော်မူပါ။ကိုယ်တော်၏ထံတော်ပါးတွင်ကျွန်တော်မျိုးသည် ရန်သူများ၏ဘေးမှကင်းလွတ်လုံခြုံခွင့် ရရှိပါ၏။
8-9 ကိုယ်တော်၏မျက်ဆန်တော်ကဲ့သို့ကျွန်တော်မျိုးကို စောင့်ရှောက်တော်မူပါ။သူယုတ်မာတို့၏တိုက်ခိုက်မှုမှကျွန်တော်မျိုးကိုကိုယ်တော်၏အတောင်တော်ရိပ်အောက်၌ ဖုံးအုပ်တော်မူပါ။အသက်အန္တရာယ်ကိုရှာကြံသောရန်သူများ သည် ကျွန်တော်မျိုးကိုဝိုင်းရံလျက်နေကြပါ၏။
10 သူတို့သည်သနားကြင်နာစိတ်ကင်းမဲ့လျက် မာန်မာနထောင်လွှား၍ပြောဆိုနေကြပါ၏။
11 သူတို့သည်ကျွန်တော်မျိုးသွားလေရာတွင်ကျွန်တော်မျိုးအားအလဲထိုးရန် စောင့်မျှော်ဝိုင်းရံလျက်နေကြပါ၏။
12 သူတို့သည်ခြင်္သေ့များကဲ့သို့ကျွန်တော်မျိုးအားအပိုင်းပိုင်းဆုတ်ဖြဲလိုကြ၍ကျွန်တော်မျိုးကို ချောင်းမြောင်းနေကြပါ၏။