ဆာ​လံ 17:7-14 BCL

7 ကိုယ်​တော်​၏​အံ့​သြ​ဖွယ်​မေတ္တာ​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​၍ကျွန်​တော်​မျိုး​ကို​ကယ်​တင်​တော်​မူ​ပါ။ကိုယ်​တော်​၏​ထံ​တော်​ပါး​တွင်​ကျွန်​တော်​မျိုး​သည် ရန်​သူ​များ​၏​ဘေး​မှ​ကင်း​လွတ်​လုံ​ခြုံ​ခွင့် ရ​ရှိ​ပါ​၏။

8-9 ကိုယ်​တော်​၏​မျက်​ဆန်​တော်​ကဲ့​သို့​ကျွန်​တော်​မျိုး​ကို စောင့်​ရှောက်​တော်​မူ​ပါ။သူ​ယုတ်​မာ​တို့​၏​တိုက်​ခိုက်​မှု​မှ​ကျွန်​တော်​မျိုး​ကိုကိုယ်​တော်​၏​အ​တောင်​တော်​ရိပ်​အောက်​၌ ဖုံး​အုပ်​တော်​မူ​ပါ။အ​သက်​အန္တ​ရာယ်​ကို​ရှာ​ကြံ​သော​ရန်​သူ​များ သည် ကျွန်​တော်​မျိုး​ကို​ဝိုင်း​ရံ​လျက်​နေ​ကြ​ပါ​၏။

10 သူ​တို့​သည်​သ​နား​ကြင်​နာ​စိတ်​ကင်း​မဲ့​လျက် မာန်​မာ​န​ထောင်​လွှား​၍​ပြော​ဆို​နေ​ကြ​ပါ​၏။

11 သူ​တို့​သည်​ကျွန်​တော်​မျိုး​သွား​လေ​ရာ​တွင်ကျွန်​တော်​မျိုး​အား​အ​လဲ​ထိုး​ရန် စောင့်​မျှော်​ဝိုင်း​ရံ​လျက်​နေ​ကြ​ပါ​၏။

12 သူ​တို့​သည်​ခြင်္သေ့​များ​ကဲ့​သို့​ကျွန်​တော်​မျိုး​အားအ​ပိုင်း​ပိုင်း​ဆုတ်​ဖြဲ​လို​ကြ​၍​ကျွန်​တော်​မျိုး​ကို ချောင်း​မြောင်း​နေ​ကြ​ပါ​၏။

13 အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​ကို​တွန်း​လှန် ဖြို​ခွင်း​တော်​မူ​ပါ။ကိုယ်​တော်​ဋ္ဌား​တော်​ဖြင့်​သူ​ယုတ်​မာ​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

14 ဤ​ဘ​ဝ​တွင်​အလို​ဆန္ဒ​ရှိ​သ​မျှ​အ​တိုင်းပြည့်​ဝ​ကြ​သူ​တို့​၏​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။သူ​တို့​အ​တွက်​ကိုယ်​တော်​သို​မှီး​ထား​သည့် ဆင်း​ရဲ​ဒုက္ခ​များ​အား​ဖြင့်သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကို​သူ​တို့​၏ သား​သ​မီး​များ​သည်​သာ​မ​ကသူ​တို့​၏​မြေး​မြစ်​များ​သည်​လည်း ခံ​စား​ရ​စေ​တော်​မူ​ပါ။