ဆာ​လံ 18:12-18 BCL

12 ကိုယ်​တော်​၏​ရှေ့​တော်​တွင်​မိုး​သီး​နှင့်​မီး​လျှံ များ​သည် လျှပ်​စစ်​ပြက်​ရာ​မှ​ပေါ်​ထွက်​လာ​လျက်၊မဲ​မှောင်​နေ​သော​မိုး​တိမ်​များ​ကို​ထွင်း​ဖောက်​၍ ကျ​လာ​၏။

13 ကိုယ်​တော်​သည်​ကောင်း​ကင်​မှ​မိုး​ချုန်း​တော်​မူ​၏။အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​အ​ရှင်​၏ အ​သံ​တော်​ထွက်​ပေါ်​လာ​၏။

14 ကိုယ်​တော်​သည်​မြား​တော်​တို့​ကို​ပစ်​လွှတ်​တော် မူ​လျက် ရန်​သူ​များ​ကို​ကွဲ​လွင့်​စေ​တော်​မူ​၏။လျှပ်​စစ်​ပြက်​စေ​တော်​မူ​လျက်​သူ​တို့​အား ထွက်​ပြေး​စေ​တော်​မူ​၏။

15 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ရန်​သူ​တို့​အား​အ​မျက် ထွက်​လျက်ဟိန်း​သံ​ဖြင့်​ဆုံး​မ​တော်​မူ​လိုက်​သော​အ​ခါ သ​မုဒ္ဒ​ရာ အောက်​ခံ​မြေ​သည်​လည်း​ကောင်း၊ကမ္ဘာ​မြေ​ကြီး​၏အ​ခြေ​ခံ​အုတ်​မြစ်​များ​သည်​လည်း​ကောင်း ပွင့်​လစ်​ပေါ်​ထွက်​လာ​ကုန်​၏။

16 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ လက်​တော်​ကို​ဆန့်​တော်​မူ​ပြီး​လျှင်ငါ့​ကို​ကိုင်​ဆွဲ​တော်​မူ​၍​ရေ​နက်​ကြီး​ထဲ​မှ ငါ့​ကို​ဆယ်​တင်​တော်​မူ​၏။

17 ကိုယ်​တော်​သည်​ငါ​ပြိုင်​၍​မ​ရ​နိုင်​သည့်အင်​အား​ကြီး​သော​ရန်​သူ​များ​၏​လက်​မှ လည်း​ကောင်း၊ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​လက်​မှ​လည်း​ကောင်း ငါ့​ကို​ကယ်​တော်​မူ​၏။

18 ငါ​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ငါ့​ကို​တိုက်​ခိုက်​ကြ​၏။သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။