ဆာ​လံ 18:16-22 BCL

16 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ လက်​တော်​ကို​ဆန့်​တော်​မူ​ပြီး​လျှင်ငါ့​ကို​ကိုင်​ဆွဲ​တော်​မူ​၍​ရေ​နက်​ကြီး​ထဲ​မှ ငါ့​ကို​ဆယ်​တင်​တော်​မူ​၏။

17 ကိုယ်​တော်​သည်​ငါ​ပြိုင်​၍​မ​ရ​နိုင်​သည့်အင်​အား​ကြီး​သော​ရန်​သူ​များ​၏​လက်​မှ လည်း​ကောင်း၊ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​လက်​မှ​လည်း​ကောင်း ငါ့​ကို​ကယ်​တော်​မူ​၏။

18 ငါ​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ငါ့​ကို​တိုက်​ခိုက်​ကြ​၏။သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။

19 ငါ​ဘေး​ရောက်​သော​အ​ခါ​ကိုယ်​တော်​သည် ငါ့​ကို​ကူ​မ​တော်​မူ​၏။ငါ့​ကို​နှစ်​သက်​တော်​မူ​သ​ဖြင့်​ကယ်​တော်​မူ​၏။

20 ငါ​သည်​မှန်​ရာ​ကို​ပြု​သ​ဖြင့်​ကိုယ်​တော်​သည် ငါ့​အား​ကောင်း​ကျိုး​ကို​ချ​ပေး​တော်​မူ​၏။ငါ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​၍​ကောင်း​ချီး ပေး​တော်​မူ​၏။

21 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​ကို လိုက်​လျှောက်​ခဲ့​၏။ငါ​၏​ဘု​ရား​ထံ​တော်​မှ​ရှောင်​ခွာ​၍​မ​သွား ခဲ့​ပါ။

22 ငါ​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​ခဲ့​၏။ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို​မ​ဖီ​ဆန်​ခဲ့​ပါ။